မကွေးတိုင်းဒေသကြီး

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မကွေးတိုင်းဒေသကြီးတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကျင်းပသည့် မြို့တော်ခန်းမသို့ ယနေ့နံနက် (၈:၃၀)အချိန်က သွားရောက်ဖြန့်ဝေပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။

ချောက်မြို့၌ ပါဠိပထမပြန်စာ​မေးပွဲတွင် ​အောင်မြင်​သော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ပါဠိပထမပြန်စာ​မေးပွဲတွင် ​အောင်မြင်​သော သံဃာ​တော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူ​ဇော်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁၁)ရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ပခုက္ကူမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်းဖြန့်‌ဝေကြသည်။

မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံအင်္ဂလိပ်စာသင်တန်း ဆင်းပွဲ ကျင်းပ

ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထ‌နှောင်းရင်ခွင်ပရဟိတအသင်းတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် အခမဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ကလေးများအား အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။

စလင်းမြို့နယ်တွင် စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၌ စိတ်ကျန်းမာရေးနှင့်လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၂၄ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဒုတိယနေ့ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို မတ် ၂၄ ရက်နေ့နံနက် ၉နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဆက်လက်ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့် စက်သုံးဆီများရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီချွေတာသုံးစွဲရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး