မြို့သစ်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့လုလင်ကျေးရွာကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။