အမြို့မြို့အနယ်နယ်သတင်းများ

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဥပဒေဆိုင်ရာကိစ္စရပ်များအကြောင်း လူငယ်ရေးရာသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၂) ရက်နေ့က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ကြာအင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကျင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တိုင်းအဆင့်ဌာဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ  လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ပင်လောင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ခြင်း းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ဥတ္တမစာသင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၂၅) ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီး ဦးခင်မောင်ကြည်သည် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးသီဟ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီက ဟင်္သာတခရိုင်၊ဟင်္သာတမြို့ ၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်းမှ ပထမနှစ်သင်တန်းသား၊ သင်တန်းသူ(၇၀)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဒဂုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် "ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးဆောင်ရွက်စို့" အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနရုံးမှ "ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးဆောင်ရွက်စို့" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ