အမြို့မြို့အနယ်နယ်သတင်းများ

ချောင်းဆုံမြို့နယ်၌ ရိုဘက်စတာ (Robusta) ကော်ဖီပျိုးပင်များ ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိတောင်သူများ ကော်ဖီစိုက်ပျိုး၍ ဝင်ငွေတိုးစေရန်အတွက် ကော်ဖီပင်များတိုးချဲ့ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ရိုဘက်စတာ (Robusta) ကော်ဖီပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းတုံမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ (၂၄) ​နေ့က (အ.ထ.က) မိုင်းတုံအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သီပေါမြို့၌ စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်နယ်၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်နှင့်အညီ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းနှင့် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ချပြဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစီအစဉ်ဖြင့် ရက်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အား ဖွင်လှစ်ခဲ့သည့်အခမ်းအနားတွင် အမှတ် (၅၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်အောင်မျိုးကျော် တက်ရောက်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သတ်၍ ချပြဆွေးနွေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများဆောင်ရွက်ခြင်းကို ဇွန်လ (၂၂) ရက်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျိုရွယ်သူများမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျိုရွယ်သူများမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်မြို့ အ.ထ.က (၃) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေဗဟုသုတကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ အ.ထ.က (၃) မြတ်ရတနာပန်းခင်းခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက်ရှိ ကမ်းနားလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌မိုးစပါးစိုက်တောင်သူများအားသွင်းအားစုပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀) စီမံချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ပံ့ပိုးပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​မှော်ဘီမြို့နယ်၌ ဥပဒေပညာပြန့်ပွားရေးဆရာအဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွန်မှုအရ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၏ ကြီးကြပ်မှုဖြင့် မှော်ဘီခရိုင်ဥပဒေရုံးမှရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေပညာ ပြန့်ပွားရေးဆရာ အဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး တက်ရောက်

၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ စာကြည့်တိုက်ခန်းမ၌ကျင်းပရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး တက်ရောက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ