မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများအား Incident Command System (ICS)ကို အခြေခံသည့် အသိပညာပေး ဟောပြောဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများ ဖြစ်ပွားသည့်အခါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ဟန်ချက် ညီညီဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Incident command system(ICS) ကိုအခြေခံသည့် အသိပညာပေးဟောပြော ဆွေးနွေးပွဲကို မတ်(၃၀)ရက် ညနေ(၆:၃၀)နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။