အမြို့မြို့အနယ်နယ်သတင်းများ

လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မြေစိုက်ပိုစတာ Bill Board စိုက်ထူပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်ခွဲမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)မှ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး မြေစိုက်ပိုစတာ (Bill Board) စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့‌တော်ခန်းမရှေ့၌ ကျင်းပသည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ၊ ကြယ်ပွင့်ပြမေးခွန်း (၁၀)ခုမေးမြန်း

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းခန်းမ၌ “လူငယ်ထုအတွင်း မူးယစ်‌ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့သူနာပြုသိပ္ပံကျောင်းတွင် “လူငယ်ထုအတွင်းမူးယစ်‌ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေးလူငယ်စကားဝိုင်း” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါစိုက်ပျိုးရာသီ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့နှင့် ဒေသခံမိဘပြည်သူများပူးပေါင်းဆောက်လုပ်ခဲ့သည့် အခြေခံပညာမူလတန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု တောရ‌ကျေးရွာတွင် ဇွန် ၂၁ ရက်နေ့နံနက် ၁၀နာရီက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှု ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်စေတနာအဖွဲ့နှင့် ဒေသခံမိဘပြည်သူများပူးပေါင်းဆောက်လုပ်ခဲ့သည့် တောရကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

မိုင်းယု၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးခြင်းများကို ဇွန် ၂၃ ရက်နေ့က အ.ထ.က(မိုင်းယု)နှင့် ဈေးဆိုင်များ၌ ဆောင်ရွက်ခဲ့ကြသည်။

တမူးမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ငြိမ်သက်ခြင်းကိုယ်ပိုင်အလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရက် ၁၀၀ စီမံချက်ဖြင့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်လူသုံးကုန် ဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး (၈၈)ရပ်ကွက်ဈေးအတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေဖြင့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ အရည်အသွေးကောင်းမွန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပက်သက်၍ ဈေးကွက်မတင်မီ စစ်ဆေးခြင်း၊ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ လူထုပညာ ပေးခြင်းများအား စီမံချက်များချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်စိမ်း/ကုန်ခြောက် အရောင်းဆိုင်များအား ယမန်နေ့ နံနက် ၁၀ အချိန်က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး မှန်ခုံးတပ်ဆင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့တွင်းမောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ လုံခြုံစိတ်ချမှုရရှိစေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးအတွက် မောက်မယ်သွားလမ်းနှင့် အ.ထ.ကလမ်းဆုံနေရာတွင် မှန်ခုံးများတပ်ဆင်‌ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DEMU မြန်နှုန်းမြင့်ရထားပြေးဆွဲနိုင်ရေး ရထားလမ်း/ကားလမ်းကူးနေရာများ စနစ်တကျဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လမ်းညွှန်မှာကြား

ရန်‌ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် DEMU မြန်နှုန်းမြှင့်ရထား ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်း/ကားလမ်းကူး နေရာများသတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ