အမြို့မြို့အနယ်နယ်သတင်းများ

ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့တွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း၏အကြောင်းအရာများကို သိရှိနိုင်ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာလေမြို့၊ မိုင်းလင်း (အရှေ့)ကျေးရွာအုပ်စုနှင့် မိုင်းလင်း(အနောက်) ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လဲချားမြို့နယ်တွင် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအသိပေးနှိုးဆော်သည့် ‘‘ဒို့အတူတူမဲပေးကြမယ်’’ မြေစိုက်ပိုစတာ(Bill Board)စိုက်ထူဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အသိပေးနှိုးဆော်သည့် ‘‘ ဒို့အတူတူ မဲပေးကြမယ်’’ မြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှေ့ လူစည်ကားရာနေရာတွင် ဆောင်ရွက်ခဲ့သည်။

ရေကြည်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၂၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား (အလွတ်တန်း) နှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ငပုတောမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ စုပေါင်းရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရေကျော်ဆည်နှင့် ကျောင်းခြားရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ရမည်းသင်းခရိုင်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိသည့်အကြောင်းအရင်းများ စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ကံဆွယ်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရင်းများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် စစ်တမ်းကောက်ယူလျှက်ရှိရာ ယနေ့နံနက်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ရေးအဖွဲ့များ ကြည့်ရှုအားပေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ