အမြို့မြို့အနယ်နယ်သတင်းများ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ၊ ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်အန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် မူးယစ်အန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်း‌ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မိခင်နှင့်ကလေးဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်သင်ကြား‎

‎ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယ‌နေ့နံနက်ပိုင်းအချိန်တွင် မြို့နယ်အဆင့် မိခင်နှင့်ကလေး ဆယ်အိမ်စုမှူးသင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။‎

တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် သာသနဟိတဓမ္မာရုံ၌ကျင်းပသည်။

ဓနုဖြူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ်(၁၁)ရပ်ကွက်ရှိ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

သာကေတမြို့နယ်၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) လှုပ်ရှားမှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာဆောင်ရွက်သွား စေရန် ရည်ရွယ်၍အမှိုက်စွန့်ပစ်မှုဆိုင်ရာအသိပညာပေး(Public Awareness) ကမ်ပိန်းကို ဇွန်လ ၂၃ ရက်နေ့၊ နံနက်၈ နာရီက သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ အထူးကုဆေးရုံအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်၊ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌‌   ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ