ရေဖြူမြို့နယ်၌ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းများအား မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်က အ-ထ-က၊ ရေဖြူကျောင်း၌ ကျင်းပသည်။