ဘားအံမြို့နယ်၌ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT)သင်တန်းဖွင့်လှစ်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန မှ ဖွင့်လှစ်ဆောင်ရွက် သည့် ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT) (Emergency Response Team –(ERT) Training ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာရှိ ရွှေဒုံရင်း Football United Center ၌ ကျင်းပသည်။