မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း များအခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ပြုလုပ်သည်။