ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယနေ့နံနက် (၉) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဟိုပင်မြို့တွင် Placement Test စာမေးပွဲကို ကျောင်းသား/သူ (၃၆၅) ဦးတို့ အောင်မြင်စွာဖြေဆိုပြီးစီး

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများအား သတ်မှတ်ထားသည့်အသက်အရွယ်အရသတ်မှတ်ထားသည့် အတန်းများ၀င်ရောက်ပညာသင်ယူနိုင်‌ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test စာမေးပွဲကို တစ်နိုင်ငံလုံးတွင်တစ်ပြိုင်နက် ဇွန် (၁၅) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်ရာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၃၆၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်‌အချို့ ရေဝင်ရောက်မှုရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးရေချိန် (၆.‌၈၉) လက်မရှိပြီး ယနေ့နံနက်ပိုင်းက မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ယမန်နေ့နံနက်ပိုင်းက စတင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့ နန့်ရင်းချောင်းရေ စိုးရိမ်ရေအမှတ်အထက်မှာ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ရင်းချောင်းရေအမှတ် (၆၂၉) စင်တီမီတာ ရောက်ရှိနေပြီး ချောင်းနှင့်ထိစပ်သည့် အလယ်ရပ်အောက်ချိုင့်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်နှင့်နတ်ကြီးကုန်းရပ်ကွက် မြေနိမ့်ပိုင်းတွင် စုစုပေါင်း အိမ်ခြေ (၁၀၀၀) ကျော်ခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာ ကျေးရွာသွားလမ်းတွင် ဒုတိယအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်၊ အားဆာကျေးရွာသွားလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပူတာအိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးရာသီကျရောက်လာပြီဖြစ်သဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်လာပါက ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ကြိုတင်စုဖွဲ့ထားရှိသောအဖွဲ့များဖြင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ နမ်ထွမ်ချောင်း သံကူကွန် ကရစ်တံတား၌ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ် သမဝါယမအသင်းစု(လိမိတက်)မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း) ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့်မြို့နယ် အသင်းစုတို့မှ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို အောင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ဖားကန့်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီအစဉ် စာမေးပွဲဆက်လက်ဖြေဆိုလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီစဉ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်