ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော နှုန်းထားဖြင့် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဝိုင်းမော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။