ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသေးစားစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေပိုင်းက ပူတာအို မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စူပါဝမ်းဝါးတူလုပ်ငန်း၊ ရွှေတောင် ခေါက်ဆွဲလုပ်ငန်းနှင့်ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။