ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အမှတ်စဉ်(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေးနိုင်ရေးနှင့် ရှေ့လုပ်ငန်းအဖြစ် ခရီးစဉ်ဒေသသစ်များအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။