တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်
တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ် တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတရားလွတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာကပြောသည်။