ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဗူးများ လှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဗူးများကို ဇူလှိုင်လ ၁၅ ရက် နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲ ၁နာရီက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးသင့်ဝန်ထမ်းများအား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေကြီးမြင့်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးသင့်အမြဲတမ်းနှင့် နေ့စားဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၁၆ ရက် နံနက် ၁၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး တက်ရောက်ဖွင့်လှစ်ပေး

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် (၁၀) နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း စက်သုံးဆီလုံလောက်ဖူလုံစွာ လည်ပတ်နိုင်ရေး ကံပိုင်တည်နယ်စပ်မှတစ်ဆင့် ပြည်နယ်အတွင်း တင်သွင်းမည့်ကုမ္ပဏီများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လျာထားချက်ပြည့်မီစွာ တင်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပြည်နယ်အတွင်းသို့ စက်သုံးဆီ လုံလောက်ဖူလုံစွာ လည်ပတ်နိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီဝင်များနှင့် တင်သွင်းခွင့်ရ ကုမ္ပဏီများတွေ့ဆုံ၍ စက်သုံးဆီတင်သွင်းမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မြစ်ရေကြီးမြင့်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လေဆိပ်ဧရိယာအား မြို့အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေး၊ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေမြောင်းများ ရှင်းလင်းရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများနှင့်အညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်