ချီဖွေမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ချီးမြှင့်ငွေများပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ ၅ ရက်နေ့မှစတင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသော ချီဖွေမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ အား ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ချီးမြှင့်ပေးခဲ့ကြသည်။