ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး e-Government လုပ်ငန်းများ ပိုမိုပြီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ပြေးအစီအမံလုပ် ငန်းများဖြစ်သည့် Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။