သတင်းများ

ကြံခင်းမြို့၊ ရွှေတောင်ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲနှင့် စတုဒီသာနိဗ္မာန်ဈေးပွဲတော်ကျင်းပ
Apr 30,2026
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေတောင်ကျောင်းတိုက် ပုရဝဏ်ရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် သွန်းလောင်းကြခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေး သင်တန်းဖွင့်လှစ် 
Apr 30,2026
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူ အသိပညာပေး သင်တန်းကို ဧပြီလ ၂၈ ရက်‌ နေ့လယ် ၁၁ နာရီက စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းအေး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုနှင့်ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
မြို့သစ်မြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ (အခမဲ့) စမ်းသပ်ကုသပေး
Apr 30,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း “သံဃာတော်များ ဆေးကုသဆောင်”၌ ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 30,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဧပြီ (၂၈)ရက်နေ့က မျက်ချီးနုကျေးရွာသို့  သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူနေအိမ်နှစ်လုံး၊ စျေးဆိုင်ဆိုင်းဘုတ်တစ်ခုနှင့် ဝန်ထမ်းအိမ်ရာအမိုးသွပ်များ ထိခိုက်ပျက်စီး
Apr 30,2026
ဧပြီလ ၂၉ ရက် ညနေ ၅း၃၀ မိနစ်အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူနေအိမ်နှစ်လုံး၊ စျေးဆိုင်ဆိုင်းဘုတ်တစ်ခုနှင့် ဝန်ထမ်းအိမ်ရာအမိုးသွပ်များ ထိခိုက်ပျက်စီးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Apr 30,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၈ ရက် ဧပြီလ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Apr 30,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်‌နေ့က ပျော်ဘွယ်ကြီးကျေးရွာတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေနွေးပွဲနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Apr 30,2026
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေနွေးပွဲနှင့် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။