သတင်းများ

လသာမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ရပ်ကွက်လုံးကျွတ် ဆောင်ရွက်
Apr 30,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၂)ရပ်ကွက်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧပြီ (၂၈)ရက်နေ့က ရပ်ကွက်လုံးကျွတ် ကျန်းမာရေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်
Apr 30,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံး
Apr 30,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီ (၂၈)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
အိမ်မဲမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ (အကြို)ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ
Apr 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကမ္ဘာ့ကြက်ခြေနီနေ့(အကြို) ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ခန္တီးမြို့၌ ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်
Apr 30,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက်(၁၀၀)အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 30,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကဆုန်လပြည့်နေ့ သရက်အကျဉ်းထောင်မှ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 30,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ် (၅၀/၂၀၂၆)၊ (၅၁/၂၀၂၆)၊ (၅၂/၂၀၂၆) အရ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက သရက်အကျဉ်းထောင်မှ အကျဉ်းသား/သူ (၁၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ  အကျဉ်းသား စုစုပေါင်း (၂၈) ဦး လွှတ်ပေး
Apr 30,2026
နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား(၂၈)ဦးအား ယနေ့နံနက် (၉) နာရီက လွှတ်ပေးခဲ့သည်။