သတင်းများ

ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူ
Apr 29,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ   ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို  ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီက နွယ်အေးရပ်ကွက်၊ သဲကွင်းဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေါပုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပို့ဆောင်ရေးစီမံကိန်းရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ
Apr 29,2026
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မွန်ပြည်နယ် ပို့ဆောင်ရေးစီမံကိန်းရုံးသို့ သွားရောက်ပြီး ဦးစွာရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား လည်းကောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ မြေယာအသုံးပြုမှု အခြေအနေများ၊ သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများအလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆေးတက္ကသိုလ် (တောင်ကြီး) ၌ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ
Apr 29,2026
ကျန်းမာရေးသည် လူသားအားလုံးအတွက်အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါ၀င်သည့်အတွက် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊လူတိုင်းလက်လမ်းမှီသောကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး၊လူတိုင်းရောဂါ ဘယကင်းရှင်းစေရန်နှင့်ကျန်းမာရေးအဆင့်တန်းမြင့်မားစေရန် ရည်ရွယ်၍ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက ဆေးတက္ကသိုလ်(တောင်ကြီး)  ပန်းချယ်ရီ ခန်းမ၌ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ၊ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်
Apr 29,2026
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဧပြီလ ၂၈ ရက်‌ နေ့လည် ၁၁ နာရီက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်အေး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ‌ဒေါ်နန်းခမ်းလူ လူရည်ချွန်မောင်/မယ်များ တည်းခိုနိုင်ရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Apr 29,2026
ဗလငါးတန်နှင့်ပြည့်စုံသော စံပြလူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ဘက်စုံထူးချွန် ပြောင်မြောက်သော နိုင်ငံချစ်သားကောင်း သမီးမွန်များ ဖြစ်ပေါ်လာစေရန်အတွက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ တောင်ကြီးခရိုင် ပညာရေးမှူး၊ တောင်ကြီးမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူရည်ချွန် မောင်/မယ်များ တည်ခိုနိုင်‌ရေးဆောင်ရွက် ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်း၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် ၈၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်
Apr 29,2026
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပညာသင်ကြားရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ (၂၈) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အခမ်းအနား၊ လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Apr 29,2026
(၂ဝ၂၆) ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီးဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။