သတင်းများ

ကျုံပျော်ခရိုင်၏ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျုံပျော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ(၁)၌ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပြုလုပ်သည်။
​​​​​​​ကျိုက်လတ်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ‌‌‌‌မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပ
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပသည်။
ကျိုက်လတ်မြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ ကျင်းပ
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂၇) ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
ဟင်္သာတခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ် တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမဆောင်၌ ယနေ့မွန်းလွဲ ၃ နာရီက ဟင်္သာတခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 29,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်တွင် ပါဝင်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဟောပြောပွဲအား သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ)၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပသည်။
နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များနှင့် ရက်ပေါင်း (၁၀၀)ကာလအတွင်း အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 29,2026
နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ပြည်သူအကျိုးပြု Quick Win လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် တွေဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့၌ မီးသတ်တပ်ဖွဲ့နေ့အကြို သွေးလှူဒါန်း
Apr 29,2026
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအား ဧပြီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။
တာချီလိတ်မြို့၌ မိုင်းဖုန်းရတနသုဝဏ္ဏပရိယတ္တိစာသင်တိုက် နောင်ခမ်းဓမ္မာရုံ ကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ ကျင်းပ
Apr 29,2026
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ခုတ်ဝကျေးရွာရှိ ရတနသုဝဏ္ဏပရိယတ္တိစာသင်တိုက် နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်‌နေ့က အဆိုပါ‌ ကျောင်းတိုက်တွင် ကျင်းပသည်။