သတင်းများ

မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး အသိပေးရှင်းလင်းပွဲ ကျင်းပ
Apr 29,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ သင်္ဃန်းညီနောင် (အ.ထ.က ခွဲ)ကျောင်းတွင် ဧပြီ ၂၇ ရက်နေ့နံနက် (၁၀)နာရီအချိန်၌ သင်္ဃန်းညီနောင်ကျေးရွာအတွင်း ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေးအတွက် အသိပေးချပြရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ကော်လိတ္တော်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ​မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင်အောင်ဝင်း ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်၊ ခရိုင်သစ်တောဦးစီးဌာန၊ ဦးစီးမှူးဦး အောင်စိုးတင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာ ကွင်းအမှတ် (၅၅၉)၊ ဦးပိုင်အမှတ် (၃/၅၅)တောင်သူ ဦးမြင့်အောင်၏ လယ်မြေ (၇)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ်ပြည့်ဝကာ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိပြီး မိုးစပါးအထွက်နှုန်းတိုးထွက်ရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။
မုံရွာမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်
Apr 29,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်ပွဲအခမ်းအနားကို မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၂) နာရီက ကျင်းပသည်။
မုံရွာမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်
Apr 29,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်ပွဲအခမ်းအနားကို မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၂) နာရီက ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Apr 29,2026
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်
ဇလွန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအသိပညာပေးအကြောင်း ဟောပြောပွဲ ပြုလုပ်
Apr 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေါင့်ကြီးကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအသိပညာပေးအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအရောက် ရက် (၁၀၀) စီမံချက်ဖြင့်  နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 29,2026
‎‎လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​နေမှုများကို တာဝန်ရှိသူများက ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်” အခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်
Apr 29,2026
၂၀၂၆ခုနှစ် “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။