သတင်းများ

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ် ချမ်းမြသာစည်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Apr 29,2026
မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်သည် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  နွေစပါးစိုက် တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများကို အထူးသက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
Apr 29,2026
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူး‌ပေါင်း ကျင်းပသည့် နွေစပါးစိုက် တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပွဲကိုမန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊  နန္ဒာတောင်ကျေးရွာ၊ နည်းပညာပြန့်ပွားရေး စင်တာအမှတ်(၂) မြနန္ဒာရှေ့တန်းစခန်း ကွင်းအမှတ် ၄၅၀ တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပျော်ဘွယ်မြို့နယ်ရှိ သမဝါယမအသင်းသား ဝါသီးနှံစိုက်တောင်သူများအားတွေ့ဆုံ၍ သွင်းအားစုများပေးအပ်
Apr 29,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ သမဝါယမအသင်းသား ဝါစိုက်ပျိုးနေသောတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများပေးအပ်ခြင်းကို ဧပြီလ ၂၈ ရက်၊ ညနေ ၄ နာရီက အဆိုပါကျေးရွာအနီး ဝါစိုက်ခင်းတွင်ဆောင်ရွက်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Apr 29,2026
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီ ကထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
မြဝတီမြို့တွင် အခြေခံလက်ပန်းထိုးနည်းသင်တန်းဖွင့်လှစ်
Apr 29,2026
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ရှိ အမျိုးသမီးများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်ရည်ရွယ်၍  မြဝတီမြို့အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အခြေခံလက်ပန်းထိုးနည်း သင်တန်းကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်ရုံးတွင် ဖွင့်လှစ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရေကူးပြိုင်ပွဲသို့ တက်ရောက်
Apr 29,2026
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ကြီးမှူး ဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ဧပြီ ၂၇ ရက် နံနက်(၉)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
 စစ်တွေမြို့၌ လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်လှစ်
Apr 29,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်၊ ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသက်ထွန်း၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရမည်းသင်း၌ ရက်(၁၀၀)စီမံချက်ဖြင့်ဖွင့်လှစ်သော အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်
Apr 29,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများထဲမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်​ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်း ရက်(၁၀၀) စီမံချက်​ဖြင့် ဖွင့်လှစ်သည့် အခြေခံ/မွမ်းမံ စက်ချုပ် နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ​ဧပြီ ၂၇ ရက် နံနက် (၁၀) နာရီက စံပြသိမ်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။