မဟာအောင်မြေမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး
Apr 28,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့် ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝေတို့က မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။