သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဆင်း
Apr 28,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်း ဓမ္မပညာဆရာမများက ဦးဆောင်၍ ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းကို ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏ အဖွဲ့ငယ်(၇)ဖွဲ့က ဧပြီ(၆)ရက်မှ(၂၆)ရက်အထိဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲကိုယမန်နေ့ညနေ(၄)နာရီက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းတွင် ဆောင်ရွက်သည်။