သတင်းများ

မန္တလေးတိုင်းဒေသကြီးအဆင့် မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့်
Apr 29,2026
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ဧပြီ ၂၇ ရက် နံနက်ပိုင်းက ကျင်းပသည်။
မြင်းခြံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ချပြရှင်းလင်း
Apr 29,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တွေ့ဆုံပွဲ၍ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်
Apr 29,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြု
Apr 29,2026
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းနှင့် ရပ်မိရပ်ဖများက ကြိုုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ပေးခြင်းအခမ်း အနားကျင်းပ
Apr 29,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၂၇ ရက်နံနက် ၉ နာရီခွဲတွင်ကျင်းပသည်။
မိတ္ထီလာမြို့နယ်၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်
Apr 29,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက် နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပုသိမ်ကြီးမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 29,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီက မြို့မရပ်ကွက်ဈေးနှင့်  လူစည်ကားသော နေရာများ၌  ဖြန့်ဝေပေးသည်။
ကျွန်းစုမြို့နယ်၌ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်လှစ်
Apr 29,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို ရက်သတ္တပတ်(၄)ပတ်ကြာ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပသည်။