သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး‌ ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Apr 29,2026
"မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” "For Every Generation, Vaccines Work"ဆောင်ပုဒ်နှင့်အညီ (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် "World Immunization Week(2026) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  မြို့တော်ခန်းမ၌ကျင်းပသည်။
မြဝတီမြို့၊သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး အသိပေးရှင်းလင်း
Apr 29,2026
ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ သင်္ဃန်းညီနောင် (အထကခွဲ)ကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီက သင်္ဃန်းညီနောင်ကျေးရွာအတွင်း ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးအတွက် အသိပေးချပြ ရှင်းလင်းပွဲ ကိုကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးလူရည်ချွန်ကျောင်းသား၊ကျောင်းသူများနှင့်ကြီးကြပ်ဆရာ၊ဆရာမများ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူ
Apr 28,2026
တနင်္သာရီတိုင်းဒေသကြီးလူရည်ချွန်ကျောင်းသား၊ကျောင်းသူများနှင့်ကြီးကြပ်ဆရာ၊ဆရာမများ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်
Apr 28,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ အုပ်စု၊ တောင်ဦးကျေးရွာ ဓမ္မာရုံတွင် ကျင်းပသည်။
သာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
Apr 28,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကော့ကရိတ်မြို့ လှိုင်ဝကျေးရွာ၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်း
Apr 28,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (၂/၂၀၂၆)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို လှိုင်ဝကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့မွန်းလွှဲ ၃နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်၊ ကော့ကရိတ်မြို့နယ် ကြက်ခြေနီအဖွဲ့ခွဲ့  မြို့နယ်တပ်ဖွဲ့မှူး ဦးထူးကပေါ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ရမည်းသင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  ဘေးသင့်နေအိမ်များအားကွင်းဆင်း ထောက်ပံ့
Apr 28,2026
ရမည်းသင်းမြို့နယ်အတွင်းရှိ မြို့ပေါ်/ကျေးရွာများ၌ ဧပြီ ၂၆ ရက် မွန်းလွဲ ၂  နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့်  အိမ်အမိုးလန်ခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးခြင်းကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်သည်။
ညောင်ဦးမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုမြေဩဇာရောင်းချပွဲအခမ်းအနားကျင်းပ
Apr 28,2026
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုမြေဩဇာရောင်းချပွဲအခမ်းအနားကို  ဧပြီ ၂၈ ရက်၊နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမ၌ ရောင်းချပွဲကျင်းပခဲ့သည်။