Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁) နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်
Jun 07,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၄) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက စတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါ ပြည်သူ့ကျန်းမာရေး ဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး ပေါင်မြို့နယ်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံ
Jun 07,2026
မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တောင်သူလယ်သမားများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ကျိုင်းတုံမြို့သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 07,2026
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ သာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဇွန် ၅ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် တုံတစ်ကျေးရွာ၌ ၂၀၂၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများတို့က တုံတစ်ကျေးရွာ၌ ၂၀၂၆ခုနှစ် မိုးရာသီပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း ညောင်ပင်သာကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်
Jun 07,2026
ချင်းပြည်နယ် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန် ၆ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၆)အား မွန်ပြည်နယ် စာရင်းစစ်ချုပ်ရုံးတွင် ထပ်ဆင့်ရှင်းလင်း
Jun 07,2026
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် ၁/၂ဝ၂၆ အား မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် ထပ်ဆင့်ရှင်းလင်းပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ် ၁/၂၀၂၆မှ လမ်းညွှန်မှာကြားချက်များအပေါ် မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ခရိုင်/မြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မွန်ပြည်နယ် စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည်ကားလမ်းပေါ်သို့ သစ်ပင်လဲကျကာ လမ်းပိတ်ဆို့နေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား မီးသတ်ဦးစီးဌာနမှ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
103
Page
104
Page
105
Page
106
Current page
107
Page
108
Page
109
Page
110
Page
111
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department