ကန်ကြီးထောင့်မြို့နယ်၌ မော်တော်ယာဉ်များစစ်ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးခြင်း၊ psms ဖြင့် ပြေး (၄) ဖမ်းဆီးရမိရေးဆောင်ရွက်ခြင်းကို နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်း စည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။