သတင်းများ

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မဲရုံဖွင့်လှစ်မည့်နေရာများအနီးရှိ လူနေအိမ်များ၊ ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး
Dec 12,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့နေ့နက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှူဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံဖွင့်လှစ်မည့်နေရာများအနီးရှိ လူနေအိမ်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 12,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင်၏ “ပညာနှင့်ဘဝ” အောင်မြင်ရေးလမ်းညွှန် စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 12,2025
မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးက ဦး​ဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများကို အမှတ်( ၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များမှ တစ်ပိဿာငွေ (၇၃၈၀)ကျပ်ဖြင့် စားအုန်းဆီ (၂၀၀၄) ပိဿာ ရောင်းချပေး
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များမှ တစ်ပိဿာ ငွေ(၇၃၈၀)ကျပ်ဖြင့် စားအုန်းဆီ(၂၀၀၄)ပိဿာအား ရပ်ကွက်တစ်ရပ်ကွက်နှင့်ကျေးရွာ (၁၃)ရွာအား ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ စားသောက်ကုန်ပစ္စည်းများပြည်သူ့သက်သာဈေး‌ရောင်းချ‌ပေး
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဒီဇင်ဘာ ၁၂ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
အ-ထ-က ပုသိမ်ကြီး၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသမှုများဆောင်ရွက်
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ သရုပ်ပြသမှုများကို ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။
တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်းကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ ပဉ္စမအကြိမ် အာဟာရကျွေးမွေးမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့ စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ပန်းယျအခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ
Dec 12,2025
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။