Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ်တွင် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 12,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအားကစားပြိုင်ပွဲများကျင်းပ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဒီဇင်ဘာလအတွင်း ကျောင်းအားကစားပြိုင်ပွဲများကို ရွှေသောင်ယံမြို့ အခြေခံပညာမူလတန်းကျောင်းများ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေးလျက်ရှိ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကွက်ပြင် ကျေးရွာအုပ်စု၊ ပိန္နဲကုန်း ကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊နှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ မန်းရေနံမြေမှ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသူအား အကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ငွေကျပ်သိန်း ၁၂၀ ကျော် ပေးအပ်
Dec 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသူ အာမခံအလုပ်သမားတစ်ဦးအား လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မန်းရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကျော်မင်းအေး၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ အာမခံ အလုပ်သမား၏ မိသားစုဝင်များနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 12,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းထိပ်တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူပြီး လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီ ၃၀ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု ဘက်စုံခြံ၌ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်
Dec 12,2025
သမဝါယမဦးစီးဌာနအနေဖြင့် ရုရှားနေကြာမျိုး (၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် (၁၅)ဧကစီ စမ်းသပ်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းစံပြကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၊ ဘက်စုံခြံ၌ ရုရှားနေကြာမျိုး(၁၅)ဧက စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက်
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်တင်ပွဲကျင်းပ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၀၀) နာရီအချိန်က မြကန်သာ ရပ်ကွက်၊ အ.ထ.က (၃) ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14
Page
15
Page
16
Page
17
Current page
18
Page
19
Page
20
Page
21
Page
22
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department