မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားများ မြန်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jun 09,2026
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားများမြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးကဏ္ဍ၊ ရထားလမ်းများ ကောင်းမွန်ရေးနှင့် အဆင့်မြှင့်တင်ခြင်းကဏ္ဍတို့နှင့် ပတ်သက်၍ ရန်ကုန်- မော်လမြိုင်ရထားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း၊ ရထားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့် အစီအမံပါအတိုင်း လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။