သတင်းများ

ထန်းတပင်မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 12,2025
အမျိုးသမီးများသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စု၊ ရိုးခွကျေးရွာအုပ်စု၊ သံပုရာကုန်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာအုပ်စုနှင့် ထိန်နှစ်ပင်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့က အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 12,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ကြသည်။
သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၁၈) ​ပြည်တော်အေးလမ်း (၁၁) ရပ်ကွက်ရှိ T& k Fancy world myanmar အီလက်ထရောနစ်ပစ္စည်းများကို Online Sale ရောင်းချသည့်‌နေအိမ်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ ခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုဆောင်ရွက်
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆိပ်ကြီးအရှေ့ရပ်ကွက် စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းပြင်ပ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်ထက်မကျော်သော ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် စျေးနှုန်းများ အပတ်စဉ်ပုံမှန်စစ်ဆေးခြင်းကွင်းဆင်းဆောင်ရွက်
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း‌ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်၌ ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများ ပြုလုပ်
Dec 12,2025
ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်း ပြုလုပ်
Dec 12,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး(သွားနှင့်ခံတွင်း)ဦးဆောင်သောအဖွဲ့မှ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းက (ဒုတိယ)အကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်း အစီအစဉ်ပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။