သတင်းများ

တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဖြေဆို
Mar 12,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်အတွင်း စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် (၉) နာရီမှ စ၍ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရ သည်။
ပြည်ထောင်စုနယ်မြေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲ၌ ဆုရရှိခဲ့သော နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ
Mar 12,2020
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့၊ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 12,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
မော်ချီးဒေသ သတ္တုလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကျင်းပ
Mar 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသ သတ္တုလုပ်ငန်းများဆောင်ရွက်သောလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မော်ချီးသတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင် ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၀၀) စတင် စိုက်ပျိုး
Mar 12,2020
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့ ပန်းသီတာဥယျာဉ်၌ (အခမဲ့) အခြေခံပန်းချီ သင်တန်းဖွင့်လှစ်
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပန်းသီတာဥယျာဉ်သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အခမဲ့အခြေခံပန်းချီ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပန်းသီတာဥယျာဉ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းဖွင့်လှစ်
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စကားပြောစွမ်းရည်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်က ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာစကားပြောစွမ်းရည်  မြင့်မားတိုးတက်စေရန်ရည်ရွယ်၍   ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလကို မတ် ၁၁ ရက်နေ့မှ စ၍ (၂) လတိတိ သင်ကြားပေးသွားမည်ဖြစ်ပြီး  သင်တန်းနည်းပြအဖြစ်  ဆရာ ဒေါ်ချိုချိုသင်း (Buddhism) ကသင်ကြား ပို့ချသွားမည်ဖြစ်သည်။
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင် ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၀၀) စတင် စိုက်ပျိုး
Mar 12,2020
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့  မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။