သတင်းများ

ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦး‌သောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊‌ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့‌ကြောင်းသိရသည်။
ရွှေဘိုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားရေးနှင့် စာပေကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ကျောင်းကြီးကျောင်းတိုက်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ် ရရှိခဲ့သည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်
Mar 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကျောင်းကြီးကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနဓဇ အစိုးရဓမ္မာစရိယ) အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ် ရရှိခဲ့မှုအပေါ် ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းတော်ရာကျေးရွာရှိ ကျောင်းကြီးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေး
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ယနေ့နံနက် ၉ နာရီက ကြည့်ရှုအားပေးပြီး ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ (၂၁)သိန်း ပေးအပ်ခဲ့သည်။
စည်ပင်သာယာရေးဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအကြောင်း အသိအပညာပေး ဟောပြော
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
(၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ပိတ်ပွဲကျင်းပ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီး ပိတ်ပွဲအခမ်းအနားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အုတ်ဖိုမြို့တွင် မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀အချိန်က အိမ်တိုင်ရာ‌‌ရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။