သတင်းများ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးပိုစတာကပ်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်၊ လက်အိတ်နှင့် နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေပြည် ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူ များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
သီပေါမြို့နယ် ပန်မိတ်ကျေးရွာတွင် ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင်ရောဂါ အကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ
Feb 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန် အဆုတ်ရောင်ရောဂါအကြောင်း သိရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ က သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာသို့ ကွင်းဆင်း ဟောပြောခဲ့သည်။
ဆိပ်ဖြူမြို့နယ် တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က ဒေသခံပြည်သူအများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က အနောက်ပိုင်းရပ်ကွက်တွင် ပြုလုပ်သည်။
တာမွေမြို့နယ်တွင် Coronavirus (2019 n-Cov) အဆုတ်ရောင် ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောင်းမြောင်းစျေးနှင့် တာမွေစျေးတို့ရှိ စျေးတာဝန်ခံရုံးများတွင် စျေးတာဝန်ခံများ၊
နမ္မတူမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ဆွေးနွေးပွဲ ကျင်းပ
Feb 26,2020
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၏ လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Feb 26,2020
ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (Women Club) မှ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ် ဖွင့်လှစ်
Feb 26,2020
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
နမ့်ဆန်၌ 2019 Novel Coronavirus ရောဂါကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေး
Feb 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ​ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။