သတင်းများ

ကော့သောင်းမြို့တွင် နေရပ်ပြန်မြန်မာသင်္ဘောသားများအား အသွားအလာကန့်သတ်စောင့်ကြည့်
Aug 14,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်ပြင်တွင်း Crew Change ပြုလုပ်ရန် M/S ADVANCED CONTAINER LINE (SINGAPORE) ပိုင် MV.KOTA ARIF သင်္ဘောပေါ်မှ သင်္ဘောသား (၈) ဦး Sing Off ထွက်လာရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဟင်္သာတအကျဉ်းထောင်နှင့် မြို့မရဲစခန်း အချုပ်ခန်းတို့ကို စစ်ဆေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးဝင်းမြင့်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ရုံးအဖွဲ့မှူး ဒေါ်လဲ့လဲ့ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေး၊ ဟင်္သာတခရိုင် တရားသူကြီး ဦးညီညီအေးနှင့် မြို့နယ် တရားသူကြီး ဒေါ်မျိုးမာလာခင်တို့ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီက ဟင်္သာတအကျဉ်းထောင်နှင့်မြို့မရဲစခန်း အချုပ်ခန်းတို့ကိုကြည့်ရှုစစ်ဆေးသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs (၈၀)ဧက စိုက်ပျိုးထုတ်လုပ်မှု စရိတ်များ ထောက်ပံ့ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs(၈၀)ဧက စိုက်ပျိုးမည့် တောင်သူ များအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေး အပ်ခဲ့သည်။
ဇလွန်မြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 14,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီနှင့်‌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ်၌(CERP)စီမံချက်အရ ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော(CERP)စီမံချက်အရ ကြက်မွေးမြူရေး သင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ၁၁ ရပ်ကွက် တိကုလမ်း သုဝဏဝတီ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဥ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦးရှိ
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းမှု (၁၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပန်နန်းဒင်မြို့၌ ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၁၇)ဦးရှိရာ လာရောက်ကြည့်ရှုသူ (၃၈၆)ဦးရှိ
Aug 14,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့ထိ မြို့ပေါ် ရပ်ကွက်(၁)ခုနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများ ထုတ်ပြန်ကြေညာ ထားရှိသည်။