သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club) စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ (BookClub) စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေတိုက်စား၍ ပြိုကျခဲ့သည့် ကမ်းထိန်းနံရံ အမြန်ဆုံး ပြန်လည် ပြုပြင်ရန်နှင့် နောက်ထပ် ပြိုကျမှုမဖြစ်စေရေး သဲခင်းဖို့ကာရံခြင်း လုပ်ငန်း ဆောင်ရွက်
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဩဂုတ် ၁၂ ရက်က ဒီရေတက်ချိန် ရေတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်၊
ဖျာပုံ​ခရိုင်အတွင်း Cash For Work စီမံချက်ဖြင့် ဆည်မြောင်းလုပ်ငန်းများဆောင်ရွက်
Aug 14,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားရန်အတွက် (COVID-19 Economic Relief Plan – CERP) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ‌ ဖျာပုံ​မြို့နယ်အတွင်းရှိ ကျွန်းပတ်တာ(၇)ခုနှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ရေကာတာ(၃)ခုအား တာတမံတောင့်တင်း ခိုင်မာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်ခရိုင်၊ မင်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန်မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား များ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက တောင်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်းသော တိရစ္ဆာန်မွေးမြူးရေး သင်တန်းဖွင့်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူးရေး GHAP သင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူးရေးနှင့်ကု သရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အ‌ခြေခံလူတန်းစား အိမ်ထောင်စု (၁၀၈၄) စုအတွက် နိုင်ငံတော်မှပံ့ပိုးသော ထောက်ပံ့ငွေများပေးအပ်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၈၄) စုအတွက် နိုင်ငံတော်မှ ပံ့ပိုးသော ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က လှည်းဆိပ်ကျေးရွာ၌လည်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်‌ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိကျေးလက်နေပြည်သူများအား၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံး စေရန် ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေးအတွက် ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးညွန့်၀င်းထူးနှင့်၀န်ထမ်းများကအဖွဲ့ခွဲ၍ ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်း TB/HIV ရောဂါ တားဆီးတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကျင်းပ
Aug 14,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း TB / HIV ရောဂါ တားဆီးတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီ က လယ်ဝေးမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။