သတင်းများ

ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး
Aug 13,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀) ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။
ကော့သောင်းမြို့တွင် ခရိုင်အဆင့် Gender, NSPAW, CEDAW အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် Gender ကျားမရေးရာ၊ NSPAW (National Strategic Plan for The Advancement of Women) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ CEDAW (Convention on the Elimination All Form of Discrimination Against Women) အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗန်းရှင်းပါပြဌာန်းချက်များ အသိ ပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေး လုပ် ငန်းကော်မတီ ဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းရန်နှင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
မော်လိုက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဂံမြို့အတွင်း အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်း
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများအား ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ကာ ပြုပြင်ထိန်းသိမ်း၊ အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် သဘာဝဘေးဒဏ်ခံစားရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ် (၁၈) လုံးအတွက် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရေး သိန်း (၁၈၀) ထောက်ပံ့ပေးအပ်
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အတွင် သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ် (၁၈) လုံး အတွက် အလှူငွေရှာဖွေထိန်းသိမ်းရေးကော်မတီက နေအိမ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရေး (၁) အိမ်လျှင် (၁၀) သိန်းနှုန်းဖြင့် သိန်း (၁၈၀) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 13,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။