ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေဆေးလုံး တိုက်ကျွေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၁)ရပ်ကွက်၊ (၅၀)ရပ်ကွက်နှင့် (၄၁)ရပ်ကွက်တို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေဖြင့် ရပ်ကွက်များရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်၍ ဗီတာမင်အေ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။