သတင်းများ

ကျောက်မဲမြို့နယ် ပန်ဟတ်ကျေးရွာမူလတန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ မူလတန်းကျောင်းတွင် အသက် ၁၈ နှစ်ပြည့်ပြီး ကျေးရွာပြည်သူ ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ
Aug 13,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။
တောင်တွင်းကြီး မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်း တပ်ဆင်ရေး ကွင်းဆင်းစစ်ဆေး
Aug 13,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်း များနှင့် အညီဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က စျေးနှင့် သား သတ်ဌာနစိတ်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးရွာမတည်ရန်ပုံငွေ(V‌RFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ တိုးပွားလာ စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ(V‌RFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း အာဟာရဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစား(၂၀၃၆၀)ဦးထံ နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းများ ၂၀၃၆၀ အိမ်ထောင်စုအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ် အောက်ကလေးများနှင့် ကျောင်းမနေ ကလေးများအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးမျာနှင့် ကျောင်းမနေကလေးသူငယ်များအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်၌ တိုးချဲ့(၂)ရပ်ကွက် စာသင်ကျောင်းတွင် တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် လျော့နည်းသော်လည်း ဂုဏ်ထူးရှင်များ မြင့်တက်
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်တစ်မြို့နယ်လုံး၏ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အောင်ချက်ရာခိုင်နှုန်းသည် ယခင်နှစ်ထက် လျော့နည်းကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။