သတင်းများ

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူများအတွက် ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ချေးပေး
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန် ၂၅ ရက်‌မှစတင်ကာ တောင်သူများထံသို့ စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာများမှ ဖော်ထုတ်သော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 06,2020
ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် သက်ဆိုင်ရာဌာနများတို့ မြို့နယ်စီမံကိန်း ရေးဆွဲရာ တွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရေး ကျေးရွာများမှ ဆွေးနွေးဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးအစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေး
Aug 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ဟိုဖကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်က ဟိုဖကျေးရွာခန်းမဆောင်၌ ကျင်းပသည်။
ရွာသစ်မြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Aug 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် တိုက်နယ်ကျန်းမာရေး ဌာနမှ ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို
ဘာရိုဝါဂျက်ကော့ဆိုနီကပ်ပါး မွှားရောဂါ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ကုသမှု အသိပညာပေး
Aug 06,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ကွပ်ကဲမှုအောက်ရှိ ဌာန / ပုဂ္ဂလိက ပျားစခန်းများအနေဖြင့် ပျားရည် ထုတ်ရာသီ(Honey Fiow) ရောက်ရှိတော့မည်ဖြစ်သဖြင့်ပျားအုံများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြည့် စွက်စာများ တိုက်ကျွေးခြင်း၊ ပျားရောဂါကင်းစင်အောင်ဆောင်ရွက်ခြင်း၊ မိတ်အောင်ပျားဘုရင်မများ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ
နမ္မတူတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင် ပါသလား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ် ပြန်ကြားရေးနှင ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်ထောင် စု ရွေးကော်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန် လှုံ့ဆော်ခြင်းကို ယနေ့ နံနက် (၇)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။