သတင်းများ

ဓနုဖြူမြို့နယ်၌ ဆန္ဒမဲစာရင်းတွင်အချက်အလက်မှန်ကန်စွာပါဝင်နိုင်စေရေး တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများအား ဆန္ဒမဲစာရင်းတွင် အချက်အလက်မှန်ကန်စွာ ပါဝင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက် ၇ နာရီက တမြာကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ဝန်းသိုမြို့၌ စော်ဘွားကြီးဦးအောင်မြတ်(စစ်သူကြီးဝတ်စုံ)ရုပ်တုသစ်အား စတင်ဆောင်ရွက်
Aug 06,2020
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှပ်ရွှပ်ချွံချွံတွန်း လှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီးဦးအောင်မြတ် ရုပ်ထုသစ် ထားရှိသွားမည့်ဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်ခံဖောင်ဒေးရှင်းပေါ်သို့ တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း များအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း စည်းကမ်းများကို သေချာစွာသိရှိနားလည်ပြီး စွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ကို ဩဂုတ်လ(၅)ရက်နေ့က ကသာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးခန်းမ၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေး အပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Aug 06,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေး သမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ပိုင် စည်ပင်သာယာရေးဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧက တိုးတက်လာစေရေး လုပ်ဆောင်
Aug 06,2020
ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးများဖြင့်စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန် ၏ ပြောကြားချက် များအရ သိရသည်။
ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Aug 06,2020
ချင်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားပြီး အဓိကလမ်းမ တစ်ခုဖြစ်သည့် ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာကြား ပုတီးကုန်းကျေးရွာအနီး ရထားလမ်းပျက်စီးကာ ခရီးသည်များ ခရီးကြန့်ကြာမှုဖြစ်ပေါ်
Aug 06,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာအကြား ရထားလမ်းမိုင် တိုင်အမှတ် ၃၀၃ /၂-၃ ကြား ပုတီးကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမှာ မိုးအဆက် မပြတ်သည်း ထန်းစွာ ရွာသွန်းမှုကြောင့် ရထားလမ်းအား မိုးရေတိုက်စားကာ ရထား သံလမ်း ၏ ဇလီဖားတုံး များ ပြုတ်ထွက်ပြီး ရထားလမ်းအောက်ခံမြေသားဘောင်မှာ (၁၄) ပေခန့် ရေ တိုက်စား ပျက်စီး သွားခဲ့သဖြင့် မီးရထားပေါ်လိုက်ပါလာသည့် ခရီးသွား ပြည်သူများ အချိန်(၄) နာရီကျော်ခန့် ခရီးကြန့်ကြာသွား ခဲ့ကြောင်း မြို့လုလင်ဘူတာရုံပိုင်ထံမှ သိရသည်။