သတင်းများ

ကျောက်ဆည်မြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာ အထက်တန်းကျောင်းခွဲနှင့် ညောင်ရွှေကျေးရွာ အထက်တန်းကျောင်းများအား ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ခရမ်းချောင်းနှင့် စပါးစိုက်လယ်များအတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Aug 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ခရမ်းချောင်းနှင့် တောင်သူ များ မိုးစပါး စိုက်ပျိုးထားရှိ သည့် လယ်ယာမြေများအတွင်းသို့ ငါးမျိုးပြုန်းတီးမူမရှိစေရေး၊ ငါးသယံဇာတ ပေါကြွယ်ဝရေး၊ စားသုံးမှုဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ခရမ်းချောင်းနဘေးနှင့် အုန်းပင်ကျေးရွာ၊ ပလူကျေးရွာတို့ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးထားရှိသည့် လယ်ယာမြေများတွင် ကျင်းပခဲ့သည်။
ကျိုက်မ​ရောမြို့နယ်၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှု​ကြောင့်​ မြေနိမ့်ပိုင်းရှိအိမ်​ခြေ (၁၇၀) ခန့် ရေများဝင်​ရောက်
Aug 04,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင်၊ သြဂုတ်၂ရက် နံနက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု​ကြောင့် ဦးလေး​​ကျေးရွာ၊ င​ပြေမ​ကျေးရွာနှင့် ကဒါကျေးရွာကြက်ဖတံတား​​​​များအထိ အနိမ့်ပိုင်း​ကျေးရွာများတွင် အိမ်​ခြေ(၁၇၀)ခန့် ရေတစ်​ပေခွဲစီဝင်​ရောက်လျက်ရှိ​ကြောင်းသိရသည်။
တွံတေး၌ ပုံမှန်ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များအား ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် အသက် (၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး ဆောင်ရွက်မည်
Aug 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဩဂုတ်လ (၅)ရက်နေ့မှစတင်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အုတ်တွင်းဆေးရုံကြီးအတွင်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆေးရုံရှိတက်ရောက်ကုသနေသော လူနာများအား လွှဲပြောင်းဆောင်ရွက်
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ကုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း ယမန်နေ့ ည ၁၂ နာရီအချိန်က မိုးရေများဝင်ရောက်မှုကြောင့် ဆေးရုံအတွင်း ရေလျှံမှုများဖြစ်ပေါ် ခဲ့သဖြင့် တက်ရောက်နေသော လူနာများအား ယနေ့ နံနက် ၃ နာရီအချိန်က လွှဲပြောင်း ဆောင်ရွက်ထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း (AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စတုတ္တ အကြိမ်မြောက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသတန်း အမှတ်စဉ်(၂)သင်တန်းကို ယနေ့ နံနက်(၈)နာရီ(၃၀)မိနစ်ကစတင် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်း နမ္မတူ၌ ဆောင်ရွက်
Aug 04,2020
နမ္မတူတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။