သတင်းများ

ဆောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်
ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး နှာခေါင်းစည်း (Mask) ၁၅၀၀ ထောက်ပံ့ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံ လုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေများ လှူဒါန်း
Mar 31,2020
COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးနိုင်ရေး ဇီးကုန်းမြို့နယ်တွင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ
Mar 31,2020
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Covid-19 ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ် ပြန် (၂၄)ဦးအား ကျန်းမာရေး စစ်ဆေးပြီး Facility Quaratine ဖြင့် စောင့်ကြပ်ကြည့်ရှု
Mar 31,2020
Covid - 19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ(၃၀)ရက် နေလယ်ပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် သင်္ဘောနှင့် မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်(၁၇)ဦးနှင့် နေ့လယ်ပိုင်းတွင်ရောက်ရှိလာသော နေရပ်ပြန် (၇)ဦး တို့အား ကျန်းမာရေး စစ်ဆေးပေးပြီး အေးရိပ်ချောင်မဟာစည်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုးညှင်းမြို့မဈေးကြီးအပါအဝင် ဘူတာရုံနှင့် စောင့်ကြည့်လူနာထားရှိရန်နေရာများကို ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Mar 31,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံးအတိုင်း အတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါရာဂါဖြစ်ပွားသည့် လူနာများတွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကို အလေးပေးဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်း ခရိုင်၊ မိုးညှင်းမြို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုးညှင်းမြို့မဈေးကြီး အပါအဝင် ဘူတာရုံနှင့် စောင့်ကြည့်လူနာထားရှိရန်နေရာများကို ယမန်နေ့က ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေး ရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းလျက်ရှိ
Mar 31,2020
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်က ပြောကြားသည်။