သတင်းများ

မြောက်ဥက္ကလာပ မြို့နယ်တွင် (COVID-19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
မိုးနဲမြို့၌ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိ
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူများ ပါဝင်လာစေရန်အတွက် မြို့နယ်အတွင်း ရုံးဌာနများတွင် လက်ဆေးကန်များ ထားရှိခြင်း၊ စနစ်တကျလက်ဆေးနည်း အသိပညာပေး ပိုစတာများ ကပ်ထားခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်​ရောဂါ အသိ ပညာပေးလုပ်ငန်းများကို နေ့စဉ်မပြတ် ရပ်ကွက်/ကျေးရွာအုပ်စု လမ်းများပေါ်တွင် အသံ ချဲ့စက်ဖြင့် အသိပေး ဆောင်ရွက်ခြင်း၊ မြို့နယ် စည်ပင်သာယာ စျေးဆိုင်ခန်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ လူစည်ကားသည့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်း မပြုလုပ်ပဲ နေအိမ်သို့ ဝယ်ယူသယ်ဆောင်စေခြင်းစသည့် အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမှတ်(၁​) ပေါက်တံတား​ပေါ်မှ (၆)ဘီးယာဉ်တစ်စီး​ ယော​ချောင်းအတွင်း ပြုတ်ကျ၊ ၃ ဦး​သေဆုံး
Mar 31,2020
မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်မြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ပခုက္ကူဘက်မှ ပေါက်ဘက်သို့ ယာဉ်မောင်း ဦး--- ​မောင်းနှင်လာ​သော အစိမ်းရောင် ၆ ဘီးယာဉ်တစ်စီးသည် အမှတ် ၁​ပေါက်တံတား​​ပေါ်တွင် အရှိန်​မထိန်းနိုင်ပဲ တံတားယာဘက်ခြမ်းရှိ လက်ရန်းတိုင်များ ဝင်တိုက်ကာ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာပေး လက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း
Mar 31,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်အလက်များအား အသိပညာပေး
Mar 31,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်အလက်များအား မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ စတင်ကာ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်းများ စတင်ဖွင့်လှစ်ထားရှိ
Mar 31,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေများကြောင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတစ်ဆင့် ပြန်လည်ရောက်ရှိလာရာ တွင် သီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်း အဖြစ် စီစဉ်ထားသည့် ထောင်ဝိ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲသို့ ယမန်နေ့ ညနေပိုင်းက စတင်ရောက်ရှိလာခဲ့ကြ ကြောင်း သိရသည်။