သတင်းများ

ကော့သောင်းမြို့တွင် “စင်လကု” (Sinlaku) အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး
Aug 04,2020
ကော့သောင်းမြို့တွင် သြဂုတ်လ ၃ နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမကပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမက ပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့် ဓမ္မပူဇာဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီက ရွှေကျောင်းကြီးတိုက်အတွင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနာဝိပုလာကာရီဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
မယ်စဲ့မြို့နယ်၌ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ
Aug 04,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို တောင်သူဦးဘစံ ကွင်းအမှတ်(၁)၊ ဦးပိုင်(၃၇)၊ စိုက်ဧက ၃ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲကျပြီး နေအိမ်နှစ်လုံးပျက်စီး
Aug 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အုန်းပင်လဲကျပြီး လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ဘူတာသစ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် Cash For Work စီမံကိန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်
Aug 04,2020
နိုင်ငံတော်အစိုးရကချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် ကိုဗစ်-၁၉ Economic Relief Plan (CERP)အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းကို ခေါင်းတုံ ကျေးရွာအုပ်စု ဘူတာသစ် ကျေးရွာနှင့် တဇန်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။