သတင်းများ

မဘိမ်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
Mar 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့အထိ လှူဒါန်းငွေ ကျပ် (၇၁)သိန်းကျော်နှင့် ဆေးရုံသုံးပစ္စည်းအချို့တို့ကို လက်ခံရရှိနေကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် (Community Quarantine) ထားရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်(Community Quarantine) ထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ
Mar 31,2020
ချင်းပြည်နယ်အတွင်း COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီနှင့်အတူ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စစ်ဗျူဟာအခြေချ (ဟားခါး) အနေဖြင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်စင်ဦး ဦးဆောင်သော အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် ဟားခါးမြို့ စျေးဟောင်းရပ်ကွက်ရှိ ဟားခါးနှစ်ခြင်းဘုရားကျောင်း (HBC)နှင့် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြည်​​​တော်သာရပ်ကွက်ရှိ ဧမာနွေလ နှစ်ခြင်းဘုရားကျောင်း(IBC)၊ စျေးသစ်ရပ်ကွက်ရှိ ဇိအုန် နှစ်ခြင်းဘုရားကျောင်းတို့သို့ ရောက်ရှိပြီး COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် သိက္ခာတော်ရ ဆရာတော်များနှင့် ဓမ္မအမှုတော်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာ ဘုရားကျောင်းများမှ သိက္ခာတော်ရဆရာတော်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။
ကျောက်ပန်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထုတ်လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
Mar 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစာငွေ လာရောက်ထုတ်ယူ ကြသည့် နိုင်ငံဝန်ထမ်းများနှင့် သီးခြားငွေသွင်း/ငွေထုတ်လာရောက်သူများအား၊ မြို့နယ်လုပ်ငန်းကော်မတီမှ လူငယ်များနှင့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၉)နာရီမှ စတင်ဆောင်ရွက်ခဲ့ကြသည်။
နောင်တရားမြို့ အ.ထ.ကကျောင်း၌ ဖွင့်လှစ်ထားသည့် ခေတ္တကျန်းမာရေး စောင့်ရှောက်မှုစင်တာတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း
Mar 31,2020
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသည့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ခေတ္တကျန်းမာရေးစောင့်ရှောက်မှု စင်တာ၌ ယမန်နေ့ညနေပိုင်းတွင် COVID-19 ရောဂါ ဖြစ်ပွားမှု မရှိစေရေး ကျောင်း၊ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်မြို့ COVID-19 ရောဂါကာကွယ်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်
Mar 31,2020
မိုင်းရယ်မြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နေ့လည် (၁၂)နာရီအချိန်က မိုင်းရယ်မြို့ ရပ်ကွက်-၁ ရှိ သီရိမင်္ဂလာ စွမ်ဆိုင်ဘုန်းတော်ကြီးကျောင်းမှ စတင်ပြု လုပ်ပါသည်။
ဖြူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ကျေးရွာများရှိ ကျန်းမားရေးစောင့် ရှောက်ရေးစင်တာများသို့ ကွင်းဆင်းစစ်ဆေး
Mar 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထု ပူးပေါင်း၍ ရောဂါ ကြိုတင် ကာကွယ်ရေးမြို့နယ်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
သန်လျင်၌ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေ ပေးအပ်
Mar 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုကာကွယ်ရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။