သတင်းများ

ပွင့်ဖြူမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်းများ စတင်ဖွင့်လှစ်ထားရှိ
Mar 31,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေများကြောင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတစ်ဆင့် ပြန်လည်ရောက်ရှိလာရာ တွင် သီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်း အဖြစ် စီစဉ်ထားသည့် ထောင်ဝိ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲသို့ ယမန်နေ့ ညနေပိုင်းက စတင်ရောက်ရှိလာခဲ့ကြ ကြောင်း သိရသည်။
ဆောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်း
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း သိရ၍ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်
ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး နှာခေါင်းစည်း (Mask) ၁၅၀၀ ထောက်ပံ့ပေးအပ်
Mar 31,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း (Mask) အခုရေ ၁၅၀၀ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံ လုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေများ လှူဒါန်း
Mar 31,2020
COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးနိုင်ရေး ဇီးကုန်းမြို့နယ်တွင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ
Mar 31,2020
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Covid-19 ကာကွယ်ရေးအတွက် မြိတ်မြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် နေရပ် ပြန် (၂၄)ဦးအား ကျန်းမာရေး စစ်ဆေးပြီး Facility Quaratine ဖြင့် စောင့်ကြပ်ကြည့်ရှု
Mar 31,2020
Covid - 19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ(၃၀)ရက် နေလယ်ပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် သင်္ဘောနှင့် မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်(၁၇)ဦးနှင့် နေ့လယ်ပိုင်းတွင်ရောက်ရှိလာသော နေရပ်ပြန် (၇)ဦး တို့အား ကျန်းမာရေး စစ်ဆေးပေးပြီး အေးရိပ်ချောင်မဟာစည်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။