သတင်းများ

ဖြူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ကျေးရွာများရှိ ကျန်းမားရေးစောင့် ရှောက်ရေးစင်တာများသို့ ကွင်းဆင်းစစ်ဆေး
Mar 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထု ပူးပေါင်း၍ ရောဂါ ကြိုတင် ကာကွယ်ရေးမြို့နယ်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
သန်လျင်၌ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေ ပေးအပ်
Mar 31,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုကာကွယ်ရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သရက်မြို့တွင်ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိ‌စေရန်ကြိုတင် ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်ပြည်ပမှနေ ရပ်ပြန်များသီးခြားထားရှိသည့် အထက(၁)ရှိ စိန်ရတုခန်းမနှင့် ကျောင်းဝင်းအတွင်းပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
ဆောမြို့၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ COVID- 19 ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်
Mar 31,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆောမြို့ အ-ထ-ကကျောင်း ရွှေရတုဆောင်၌ ပြည်ပမှ ပြန်လာသူများ ယာယီနေထိုင်လျက်ရှိသော (Facility Quaratine) နေရာများနှင့် လူစည်ကားရာနေရာတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်
Mar 31,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါဖြစ်ပွားသည့် လူနာများ တွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကို အလေးပေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လစာလာရောက် ထုတ်ယူသူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းများ ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အလှူငွေနှင့်ပစ္စည်းများလာရောက်လှူဒါန်း
Mar 31,2020
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ညောင်ဦးခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ဌာန ဆိုင်ရာများမှ အလှူငွေများနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းကို မတ်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။